Get Mystery Box with random crypto!

မြင်းခြံမြို့နယ်၊မြင်းခြံ - မြို့သာ သွားကားလမ်းဘေးတွင် လူသတ်အက | Kyaw Swar🇲🇲🇲🇲🇲🇲

မြင်းခြံမြို့နယ်၊မြင်းခြံ - မြို့သာ သွားကားလမ်းဘေးတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ထောင်ထားသော လက်လုပ်မိုင်းများ ရှင်းလင်းသိမ်းဆည်းရမိ
*************************************
ဇွန် ၁၃

        ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဓူဝံကျေးရွာအနီး၊မြင်းခြံ - မြို့သာ သွားကားလမ်းဘေးတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က လက်လုပ်မိုင်းများထောင်ထားကြောင်း သတင်းအရ တပ်မတော်မှလုံခြုံရေးအဖွဲ့နှင့် မြင်းခြံပြည်သူ့စစ်(ဌာနေ)ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပါသည်။

      ထိုသို့ ရှင်းလင်းခဲ့ရာ အဆိုပါနေရာမှ အရှည် ၁ ပေခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၈လုံး၊ မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၅လုံး၊ ကိုက် ၁၀၀ခန့်ပါ ဝါယာကြိုးခွေ ၃ ခွေတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။


#PAN

Webpage >>..
https://positiveanglenews.com/2023/06/13/မြင်းခြံမြို့နယ်၊မြင်း-2/