Get Mystery Box with random crypto!

အရာတော်မြို့နယ်တွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၍ ၁၉ ဦး သေဆုံး | Kyaw Swar🇲🇲🇲🇲🇲🇲

အရာတော်မြို့နယ်တွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၍ ၁၉ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး
******
#ဇူလိုင်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၉ ဦး သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

#ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအား PDF များမှ စကစတပ်ဖွဲ့များလုံခြုံရေးယူထားသည့်ဘက်မှ လည်းကောင်း၊ ဘုန်းကြီးကျောင်းဘက်ခြမ်းမှ လည်းကောင်း၊ ရွာအလယ်နေရာမှ လည်းကောင်း ၃ နေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်သောကြောင့် ရွာသားများ ကြောက်လန့်ပြီး ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးခဲ့ရာတွင် ဘုန်းကြီးကျောင်းအရောက်တွင်း ကြောက်လန့် ထွက်ပြေးလာသော ရွာသားများအား PDF တွေက လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် ဝိုင်းဝန်းပစ်ခတ်သောကြောင့် ၁၈ နှစ် မပြည့်သူ ၃ ဦးအပါ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သံဃာတော် ၃ ပါး တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ စကစတပ်ဖွဲ့ဝင်နေရာ တိုက်ခိုက်ခံရသော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ယခုဖြစ်စဉ်တွင် ဒေသခံရွာသားများသာ သေဆုံးကြခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ pdf များက အပြစ်မဲ့ရွာသားများအား လူမဆန်စွာ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်သွားတာကို Khit Thit ဗြောင်လိမ်ဗြောင်စားလုပ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

#Misinformation
#FACT-CHECK
#https://t.me/factcheckmm