Get Mystery Box with random crypto!

❝ဆရာစံလမ်းက ရန်ကင်းစင်တာ (၃) လွှာမှာ မီးလောင်မှုဖြစ်ပွား❞ ရန | Kyaw Swar🇲🇲🇲🇲🇲🇲

❝ဆရာစံလမ်းက ရန်ကင်းစင်တာ (၃) လွှာမှာ မီးလောင်မှုဖြစ်ပွား❞


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဆရာစံလမ်းမှာရှိတဲ့ ရန်ကင်းစင်တာ (၃) လွှာမှာ ဒီကနေ့ အောက်တိုဘာ (၁၇) ရက် ည ၆ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ရန်ကင်းမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းတို့က တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ည ၆ နာရီ ၅၇ မိနစ်တွင် Level 1 အဆင့်တိုးမြှင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ည ၇ နာရီ ၅ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ထားပြီး လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

https://t.me/kyawswar96999