2023-10-14 19:23:51
ငါလည်း ဗိုလ်ကြီး အဆင့်နဲ့
တပ်မတော် ကနေ အငြိမ်းစားယူခဲ့ပါတယ်။
တပ်မတော် မှာ ၂၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရခဲ့ဖူးတာဆိုလို့ သမ္မတကြီး ဦးသိန်းစိန် အစိုးရ ကာလ မှာ
၁၅၀၀ တန်ဆင်းကတ် တစ်ကဒ်
လာရောင်းပေးလို့ ၁ ကတ် ၁၅၀၀ နဲ့ ဝယ်ခဲ့ဖူးပါတယ်။
နိုင်ငံတော်က ပေးတဲ့ ပင်စင်ရပါတယ်။
ယခု အချိန်အထိလည်း ကိုယ်ပိုင်ခြံတစ်ကွက်၊ အိမ်တစ်လုံး မရှိပါဘူး။
ဘယ်သူမှ မပေးသလို့ ဘယ်သူ့စီကမှ မတောင်းဖူးပါဘူး။
ဘာမှ မရလို့ စိတ်နာကြေးဆို
ကိုထက်ဆိုးတဲ့ အရာရှိ/စစ်သည်တွေ အများကြီးပါ ငါကမှ ခြေကောင်းလက်ကောင်းနဲ့ ထွက်ခွင့်ရခဲ့သေးတယ်လို့ တွေးပါတယ်။
ကိုလည်း သေမယ်ဆိုရင် သေမည့်ဘေးတွေ ပြတ်မယ်ဆိုရင် ပြတ်မည့်နေရာတွေ ကြုံခဲ့ရတာပါပဲ။
ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး
ထွက်ရသော EA 1 တွေ 2 တွေ
အများကြီးပါ၊ ကိုက အပြင်မှာလုပ်စား လို့ရပါသေးတယ်။
ဘယ်လိုနည်းနဲ့ ထွက်ထွက်ပါ။
မိမိတပ်မတော်နဲ့ မိမိ လုပ်ဖော်ကိုင်ဖက် တွေကို သစ္စာဖောက်ဖို့ တစ်ကြိမ်တစ်ခါမှ မစဥ်းစားမိခဲ့ဖူးပါဘူး။
စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးပြီး အခုလို ဖာဆန်ဆန် စကားတွေ ပြောထွက်နေတဲ့ စီနီယာကြီးကို လည်း အံ့သြ မိပါသေးတယ်။
တပ်မတော် မှာ လူဂ္ဂိုလ်ရဲ့ အားနည်းချက်ကြောင့် မတရားမှု ၊ ဖိနှိပ်မှုတွေ ရှိနိုင်ပါတယ်။
သို့သော် ဒါကလည်း မပေါ်ပေါက်မီ ခဏတာပါ ပေါ်ပေါက်လာရင် တပ်မတော်ရဲ့ မူဝါဒက အရေးယူတာပါပဲ။
စီနီယာကြီးက တပ်မတော် ရဲ့
မူဝါဒ တွေကို သိသိနဲ့ မိမိရဲ့ကိုယ်ကျိုးစီးပွား အတွက် ပြည်ပ ထွက်ဖို့ အနေချောင်ဖို့
အလှူငွေ ရဖို့ အရှက်မဲ့တဲ့ မျက်နှာနဲ့ စောက်တလွဲတွေ ပြောနေတာ မြင်တော့ ဒီလူက
သစ္စာဆူးမည့်သူ လို့ပဲ မြင်မိပါတယ်။
ခြေ ကောင်းလက်ကောင်းနဲ့ ချမ်းသာချင်ရင် ကိုယ်တိုင်စီးပွားရေး လုပ်စမ်းပါကွာ ဒီလိုနည်းနဲ့တော့ သောက်တလွဲတွေ
ထိုင်ပြောပြီး အလှူခံခွက်ကြီးနဲ့
ပိုက်ဆံ မရှာစမ်းပါနဲ့။
ပြည်ပ ရောက်ပြီ ဆိုတာ နဲ့ မင်းတို့က ခွက်ခေါက် မယ်ဆိုတာချည့်ဖဲ။
https://t.me/kyawswar96999
18.4K viewsedited 16:23